close

မြောက်ဦး၌ စစ်ကောင်စီနှင့် အေအေတို့ တိုက်ပွဲပြင်းထန်၊ ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာနဲ့ အောက်သားကန်ရွာကြား ကားလမ်းနံဘေးမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၂၈ ရက်ညနေပိုင်းက တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ခမရ ၃၇၇ တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်တာကြောင့် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာမှ အမျိုးသမီး ၂ ဦး ကျည်ေထိမှန်သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။

"ဒီနေ့ ညနေ ၄ နာရီခွဲကျော်မှာ ကျေးရွာအတွင်းကို လက်နက်ကြီးကျလာပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျန် ၅ ဦး က ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရ​တယ်။ ဆေးရုံးကိုပို့ထားတယ်" လို့  လူနာတွေကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ပရဟိတအဖွဲ့မှအမျိုးသမီးတဦးက​ ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ အသက် ၇၀ အရွယ်အမျိုးသမီးတဦးနဲ့ ၄ နှစ်အရွယ် မိန်းကလေးတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့ရှိ တပ်ရင်း ၃၇၇ က လက်နက်ကြီးပစ်ခတ်စဥ် ထွက်ပြေးကြရာမှ ထိမှန်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ​ အင်အား ၁၂၀ ကျော်ပါလာတဲ့ စစ်ကောင်စီယာဥ်တန်း မှာ တိမ်ညိုကျေးရွာမှ မြောက်ဦးမြို့ကို သွားရောက်စဥ် လက္ကာကျးရွာအနီး မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

//
Up