close

ပြည်တွင်းစက်သုံးဆီ စျေးနှုန်း အနည်းငယ် ပြန်ကျ

ကမ္ဘာဈေးကွက်မှာ လောင်စာဆီဈေးနှုန်း ပြန်ကျဆင်းလာတာကြောင့် မြန်မာပြည်တွင်းစက်သုံးဆီ စျေးနှုန်းတွေလည်း အနည်းငယ် ပြန်လည် ကျဆင်းလာပါတယ်။

ဓာတ်ဆီ တစ်လီတာကို  ကျပ် ၂၃၀၊  ဒီဇယ် တစ်လီတာ ကို ၁၀၅ ကျပ် ၂၄ နာရီအတွင်း ပြန်လည်ကျဆင်းလာတာပါ။

စစ်ကောင်စီက နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးတွေကို စင်ကာပူ (MOPS) စျေးနှုန်းအပေါ် အခြေခံပြီး  တွက်ချက်တာကြောင့် စင်ကာပူ (MOPS) ဈေးကျဆင်းလာတာနဲ့အတူ ပြည်တွင်းစက်သုံးဆီ စျေးတွေ လိုက်ပါ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ တိုင်းနဲ့ပြည်နယ်အလိုက် စက်သုံးဆီရည်ညွှန်းစျေးတွေကို ဒီနေ့ လျှော့ချ သတ်မှတ်လိုက်တာပါ။

ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့   ရန်ကုန်စျေးကွက်အတွက် သတ်မှတ်စျေးနှုန်းက  အောက်တိန်း ၉၂ တစ်လီတာကို ၂၃၇၅ ကျပ်၊ ၉၅ တစ်လီတာကို ၂၄၄၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၃၁၄၀ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၃၂၂၅ကျပ် ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်က စက်သုံးဆီဈေး‌မြင့်တက်မှုကြောင့် အခြေခံ ကုန်စည်‌ဈေးနှုန်း ကြီးမြင့်လာတာ သက်သာစေဖို့ နိုင်ငံခြားငွေကြေးဈေးကွက်ထဲကနေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ချထားပေးမယ်လို့  သြဂုတ်လ ၃၁ရက်နေ့ ညနေပိုင်း က ကြေညာခဲ့ပါတယ်။

ဗဟိုဘဏ်ထောက်ပံ့တဲ့ အဲဒီ ဒေါ်လာသန်း ၂၀၀ ဟာ လုံလောက်တဲ့ ပမာဏ မဟုတ်လို့  အလုပ် ဖြစ်နိုင်ခြေနည်းတယ်လို့ ပြည်တွင်းစက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူတချို့က  သုံးသပ် ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up