ပရီးမီးယားလိဂ်ဆီပြန်လာခွင့်ရသဖြင့် စိတ်လှုပ်ရှားမိဟု အူဘာမီယန်းပြော

ပရီးမီးယားလိဂ်ဆီကို ပြန်လာခွင့်ရလို့ စိတ်လှုပ်ရှားမိကြောင်း ချဲလ်ဆီးတိုက်စစ်မှူးသစ် အူဘာမီယန်းက ပြောပါတယ်။
အူဘာမီယန်းဟာ ဘာစီလိုနာကနေ ချဲလ်ဆီးအသင်းဆီကို ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ တာပါ။ အသင်းဆီရောက်ရှိလာရာလမ်းတလျှောက်မှာ စကိုင်းစပေါ့ရုပ်သံက လိုက်လံမေးမြန်းခဲ့ပြီး ပရီးမီးယားလိဂ် ဆီပြန်လာခွင့်ရလို့စိ တ်လူပ်ရှားမိကြောင်း အူဘာမီယန်းက ပြန်လည်ဖြေကြားခဲ့တာပါ။
အူဘာမီယန်းကို ချဲလ်ဆီးအသင်းက ကနဦး ၂ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး နောက်ခံလူ အလွန်ဆိုကို ဘာစီလိုနာအသင်းဆီ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ ဘာစီလိုနာနဲ့ ရာသီဝက်သာကစားခဲ့ရပြီး စုစုပေါင်း ၂၄ ပွဲမှာ ၁၃ ဂိုးသွင်းယူခဲ့ပါတယ်။