ယူကရိန်းတောင်ပိုင်း နျူကလီးယားစွမ်းအင်စီမံကိန်းအနီး ပေါက်ကွဲမှုဖြစ်

ဇာပိုရစ်ဇီးယားဒေသရှိ နျူကလီးယားစွမ်းအင်စီမံကိန်းကနေ ၅ ကီလိုမီတာခွဲလောက် အကွာမှာရှိတဲ့ ယူကရိန်းတောင်ပိုင်း အန်နာဟိုဒါမြို့မှာ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဇာပိုရစ်ဇီးယားရှိ အဆောက်အဦတွေကနေ ပေါက်ကွဲမှုနဲ့ အဲဒီနေရာ ပစ်ခတ်ခံရတဲ့ နေ့ရက်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။
မနေ့က ကုလသမဂ္ဂမှ ကျွမ်းကျင်သူများအဖွဲ့ဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို လုံခြုံရေးစစ်ဆေးဖို့အတွက် လာရောက်ဖို့ စီစဉ်ထားချိန်မှာ အခုလို ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ရုရှားတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး ယူကရိန်းပညာရှင်တွေ လည်ပတ်နေတဲ့ အဲဒီစက်ရုံမှာ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့မစ်ရှင်ကို ဖျက်စီးဖို့ ကြိုးပမ်းနေတာလို့ ရုရှားနဲ့ ယူကရိန်းတို့က အပြန်အလှန် စွပ်စွဲထားပါတယ်။