ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အကြိမ်အများဆုံး တက်ရောက်နိုင်သည့် နည်းပြအဖြစ် ဂွါဒီယိုလာ မှတ်တမ်းဝင်

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် ဆီမီးဖိုင်နယ်ကို အကြိမ်အများဆုံး တက်ရောက်နိုင်တဲ့ နည်းပြအဖြစ် မန်စီးတီးနည်းပြ ဂွါဒီယိုလာ မှတ်တမ်းဝင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ စပိန်ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဂွါဒီယိုလာအတွက် နည်းပြတယောက်အနေနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ၉ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာပါ။
ဂွါဒီယိုလာဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ဘာစီလိုနာအသင်းနဲ့ ၄ ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၃ ကြိမ်၊ မန်စီးတီးအသင်းနဲ့ ၂ ကြိမ် စုစုပေါင်း ၉ ကြိမ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။