close

အာဆင်နယ်ရသည့် ဂိုးပယ်ဖျက်ခံရသည့်အပေါ် ရွိုင်ကိန်းနှင့် ဟတ်ဆယ်ဘိန့်ခ် ဝေဖန်

မနေ့ညကကန်သွားတဲ့ မန်ယူအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ဦးဆောင်ဂိုး ပယ်ဖျက်ခံရတဲ့အပေါ် ရွိုင်ကိန်းနဲ့ ဟတ်ဆယ်ဘိန့်ခ်တို့က ဝေဖန်ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပွဲချိန် ၁၂ မိနစ်မှာ မာတင်နယ်လီက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ အဲဒီမတိုင်ခင်မှာ အဲရစ်ဆင်ကို အိုဒီဂတ်က ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်ခဲ့တာပါ။

ဒိုင်လူကြီး ပေါလ်တီယာနေးလ်ဟာ ကနဦးမှာ ဂိုးအဖြစ်ခွင့်ပြုခဲ့ပေမယ့် VAR ရဲ့ အကူအညီနဲ့ ကွင်းဘေးစည်းကမော်နီတာမှာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပြန်လည်ပယ်ဖျက်ခဲ့တာပါ။

စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့တိုက်စစ်မှူးဟောင်း ဟတ်ဆယ်ဘိန့်ခ်တို့ကတော့ အိုဒီဂတ်က ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာမဟုတ်ဘဲ အဲရစ်ဆင်ကိုယ်တိုင်က အားနည်းချက်ရှိခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ။

ရွိုင်ကိန်းကလည်း ဟတ်ဆယ်ဘိန့်ခ်ရဲ့သုံးသပ်ချက်ကိုထောက်ခံခဲ့ပြီး ထိတာနဲ့ လှဲချနေကြတာကို မနှစ်သက်ကြောင်း ဝေဖန်ပါတယ်။

“ပထမပိုင်းမှာ ကစားသမားတွေက ထိတာနဲ့ လှဲချနေကြတာ မြင်ခဲ့ရတယ်။ ဒီလိုလုပ်တာတွေကို ကျနော်မကြိုက်ပါဘူး။ အဲဒီအချိန်မှာ ပွဲကိုတော့ ဆက်ကစား ခွင့်ပေးထားတာပါပဲ။ ဒါပေမဲ့ အဲရစ်ဆင်ကိုထိခဲ့တာမလို့  ပြစ်ဒဏ်ဘောပေးခဲ့တာလို့ထင်တယ်” လို့ ရွိုင်ကိန်းကပြောပါတယ်။

တင်ဆက်မှုမှာမပါဝင်ခဲ့တဲ့ ကာရေဂါကတော့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပေမယ့် ပြစ်ဒဏ်ဘောဖြစ်ခဲ့တယ်လို့  တွစ်တာကနေ မှတ်ချက်ပေးသွားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up