ဗီလာကို အနိုင်ရသည့်ပွဲတွင် အာဆင်နယ်အသင်းသားများ၏ စိတ်ဓာတ်ကို နည်းပြအာတေတာ ချီးကျူး

အက်စတွန်ဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို နည်းပြ အာတေတာက ချီးကျူးသွားပါတယ်။
အာဆင်နယ်ဟာ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမဲ့ ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ ချေပဂိုးပေးခဲ့ရတာပါ။ ဒီနောက် ၃ မိနစ်အတွင်းမှာပဲ အနိုင်ဂိုးပြန်ရခဲ့တာကြောင့် အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို နည်းပြအာတေတာက ချီးကျူးခဲ့တာပါ။
“စိတ်ပျက်စရာတွေကို ချက်ချင်းပြန်လည်တုံ့ပြန်နိုင်တာဟာ ကျနော်တို့ပြသချင်တဲ့ စိတ်ဓာတ်ပါပဲ။ ကျနော်တို့ဟာ ခြေစွမ်းကောင်းတွေနဲ့အတူ ထိုက်တန်တဲ့နိုင်ပွဲတွေ ရရှိနေပြီး ဒါကို ဆက်ထိန်းသွားရပါမယ်” လို့ နည်းပြအာတေတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ဗီလာကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အဖွင့် ၅ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။
ဒါဟာ အာဆင်နယ်အတွက် ၂၀၀၄-၂၀၀၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် အဖွင့် ၅ ပွဲ ဆက်တိုက်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။