close

သတင်းထောက် အဘူအာခလေ အသတ်ခံရမှုနှင့် ပတ်သက်သည့် အစ္စရေးစစ်တပ်၏ အစီရင်ခံစာကို အယ်လ်ဂျာဇီးရား ရှုတ်ချ

ရုပ်သံသတင်းထောက် အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ အစ္စရေးစစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာဟာ မသေချာမရေရာမှုတွေနဲ့ လှည့်ဖြားမှုတွေကို အတည်ဖြစ်စေဖို့ ကြိုးပမ်းနေတယ်လို့ အယ်လ်ဂျာဇီးရားသတင်းဌာနရဲ့ အနောက်ဘက်ကမ်း မန်နေဂျာက ပြောလိုက်ပါတယ်။

မေလတုန်းက အယ်လ်ဂျာဇီးရား ရုပ်သံသတင်းထောက် ရှာရင်းအဘူအာခလေ အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ သူ့ကို အစ္စရေးစစ်သားတစ်ဦးက မရည်ရွယ်ဘဲ ပစ်သတ်ခဲ့တာ ဖြစ်နိုင်ပြီး  တမင်ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ အစ္စရေးစစ်တပ်က အစီရင်ခံစာထုတ်ပြန်ခဲ့ ပါတယ်။

အယ်လ်ဂျာဇီးယားရဲ့ ရာမာလာဒေသ ဗျူရိုအကြီးအကဲ ဝါလစ် အဘူအိုမာရီက  “ဒါတွေအားလုံးဟာ လိမ်ညာမှုတွေ၊ အကောင့်တွေ၊ ဗီဒီယိုတွေနဲ့ မျက်မြင်သက်သေတွေ အားလုံးက သူတို့ရဲ့ ပြောဆိုမှုတွေကို ငြင်းဆိုထားတယ်" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အမေရိကန်- ပါလက်စတိုင်းနိုင်ငံသား  သတင်းထောက် အဘူအာခလေဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက မငြိမ်မသက်ဖြစ်နေတဲ့ ဂျိနင်းမြို့မှာ အစ္စရေးစစ်တပ်က စစ်ဆင်ရေး ဆောင်ရွက်နေချိန် မေလ ၁၁ ရက်က ပစ်သတ်ခံခဲ့ရတာပါ။

တပ်ဖွဲ့ဝင်တွေက ဘက်ပေါင်းစုံကနေ အပြင်းအထန် ပစ်ခတ်ခဲ့ပြီး သူတို့နေရာကနေ မီတာ ၂၀၀  အကွာမှာ အဘူအာခလေ ရပ်နေတဲ့နေရာဆီ ပြန်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်ခဲ့ဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up