close

ပါလက်စတိုင်းစစ်သွေးကြွ ၂ ဦးကို အစ္စရေးစစ်တပ် ပစ်သတ်

ပါလက်စတိုင်းနယ်မြေ အနောက်ဘက်ကမ်းမှာ ဇူလိုင် ၂၄ ရက် မနက်စောစော သေနတ် ပစ်ခတ်မှုအတွင်း ပါလက်စတိုင်း စစ်သွေးကြွ ၂ ယောက်ကို အစ္စရေးစစ်တပ်က ပစ်သတ်လိုက်တယ်လို့ ပါလက်စတိုင်းနဲ့ အစ္စရေး အရာရှိတွေက ပြောပါတယ်။ 

ပါလက်စတိုင်း အမျိုးသား ၂ ယောက် သေဆုံးသွားပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်။

ပါလက်စတိုင်းမြို့  နာဘလူးစ်မြို့မှာရှိတဲ့ နေအိမ်ခြံဝင်းအတွင်း ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူတွေဟာ သူတို့အဖွဲ့က ဖြစ်တယ်လို့ အစ္စရေး စစ်သွေးကြွအဖွဲ့တဖွဲ့က ကြေညာပါတယ်။ 

အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေက အလိုရှိတဲ့ လူတယောက်အား အိမ်ထဲဝင်ဖမ်းစဉ်မှာ သေနတ်ပစ် ခုခံတဲ့အတွက် ရှင်းလင်းခဲ့ရတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ဆိုပါတယ်။ 

အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးဟာ ၂၀၁၄ ခုနှစ်ကတည်းက ပျက်ပြားနေတာ အခုအချိန်ထိ ဖြစ်ပါတယ်။ 

ဒီလပိုင်းတွေအတွင်း အနောက်ဘက်ကမ်းမှာ  နေထိုင်တဲ့ အမျိုးသားတွေက အစ္စရေး လမ်းမတွေပေါ်မှာ လူအသေအပျောက်ရှိတဲ့ တိုက်ခိုက်မှုတွေကို လုပ်ခဲ့တဲ့နောက်ပိုင်း အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေကလည်း အနောက်ဘက်ကမ်းမှာ လူဖမ်းပွဲတွေကို အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။ 

//
Up