close

ပလက်ဝ ဒေသခံတဦး မိုင်းထိပြီး ခြေတဖက်ဖြတ်ရ

ချင်းပြည်နယ် ပလက်ဝမြို့နယ် င/ပွီကျေးရွာက အမျိုးသားတဦးဟာ စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက မိုင်းထိပြီး ညာခြေတဖဖက် ဖြတ်လိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

မိုင်းထိသွားတဲ့သူမှာ ကိုဦးသိန်အောင်း (၂၃ နှစ်) ဖြစ်ပြီး ရွာအနီးက လယ်ခင်းမှာ ကောက်သစ်စပါး ရိတ်သိတ်နေတဲ့အချိန် မိုင်းထိသွားတာဖြစ်ပြီး ညာဖက်ခြေက ဒဏ်ရာ ပြင်းထန်းတာကြောင့် ပလက်ဝ ဆေးရုံမှာ ဖြတ်လိုက်ရတာလို့ ကျေးရွာသားတဦးက ပြောပါတယ်။

"သူက ရွာအနီးက လယ်ခင်းမှာ ကောက်သစ်စပါး ရိတ်နေတာဖြစ်တယ်။ အဲဒီဟာမှာ မိုင်းနင်းမိတာပါ။ ညာဘက်ခြေကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတာကြောင့် ဆေးရုံရောက်တော့ ဖြတ်လိုက်ရတယ်။ တခြား ခန္ဓာကိုယ်တွေ  မျက်နှာတွေမှာလည်း ဒဏ်ရာတွေရသွားတယ်။" 

လယ်ကွင်းအတွင်းမှာ မိုင်းနင်းမိတာကြောင့် နောက်ထပ် မိုင်းတွေရှိနေမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်မိတာကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုနဲ့ အသက်သေဆုံးမှုတွေ ရှိနေပါတယ်။

ပလက်ဝမြို့နယ် စည်းမဝ ကျေးရွာမှာ စက်တင်ဘာ ၁ ရက်နေ့က အမျိုးသားတဦး မိုင်းထိပြီး ခြေတဖက် ဖြတ်လိုက်ရသလို သြဂုတ် ၂၄ ရက်နေ့ကလည်း အဘောင်သား ကျေးရွာက အမျိုးသမီးတဦးဟာ မြေမြှုပ်မိုင်းထိပြီး သေဆုံးခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မြေမြှုပ်မိုင်းထိပြီး သေဆုံးသူ ၁၀ နီးပါးရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up