close

TYF (ဆော၊ကျောက်ထု) စခန်းနှင့် တောင်ယာတဲ ၃ လုံးကို စစ်ကောင်စီတပ် မီးရှို့

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်နေ့ညနေပိုင်းက The Youth Force (ဆော၊ကျောက်ထု) စခန်းနဲ့ တောင်ယာတဲ ၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

TYF (ဆော၊ကျောက်ထု) စခန်း ၃ ကို စက်တင်ဘာ ၁၀ ရက်နေ့မှာ တပ်မ -၇၇ က အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်အင်အား မမျှတာကြောင့် စခန်းစွန့်ခွာ ပေးခဲ့ရတယ်လို့ TYF(ဆော၊ကျောက်ထု) ရဲ့ ခေါင်းဆောင် ကိုဇင်ကိုဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“အဲဒီ စစ်တပ်က ကျနော်တို့ စခန်းက အဆောက်အုံ ၃ ခု၊ တောင်ယာလုပ်ငန်းလုပ်တဲ့ ပြည်သူတွေရဲ့ တဲ ၃ လုံးနဲ့ နွားလှည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ရဲဘော်တွေရဲ့ စစ်အသုံးဆောင် ပစ္စည်းတွေတော့ ဘာမှပါမသွားဘဲ တဲတွေ မီးလောင်ခဲ့တာ။” 

TYF အနေနဲ့ လက်နက်ခဲယမ်း အထောက်ပံ့တွေရရှိနိုင်ဖို့ တော်လှန်ရေးစကတည်းက ဒီနေ့အချိန်ထိ မျှော်လင့်ကြိုးစားနေရပြီး ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်တယ်လို့ ကိုဇင်ကိုဝင်းက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ဇမ္မူတောင်နားမှာ စစ်ကြောင်းထိုးနေပြီး လက်နက်ခဲယမ်း ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အခွင့်သာရင်သာသလို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အား အလုံးရင်းအသုံးပြုပြီး အသဲအသန်ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up