close

မင်းပြားမြို့နယ်တွင် အမျိုးသား ၁ ဦး မိုင်းထိပြီး ခြေနှစ်ဖက်ပြတ်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သမင်ခရာကျေးရွာက အမျိုးသား တယောက် စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက မြေမြုပ်မိုင်း ထိပြီး ခြေနှစ်ဖက်လုံး ပြတ်သွားတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

မိုင်ထိသွားသူဟာ အသက် ၃၈ နှစ်ရှိ ဦးအောင်ထွန်းဖြူဖြစ်ပြီး ဂဏန်းမြှုံးသွားထောင်ချိန် ခမရ ၅၄၁ တပ်ရင်းနားမှာ မိုင်းနင်းမိတာလို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က တာဝန်ရှိသူ ကိုအမ်းသားကြီးက ပြောပါတယ်။

"မိုင်းထိသွားတာက ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာဖြစ်တယ်။ သူက ဂဏန်းမြှုံးသွား ထောင်တာ။ အဲဒါ အလေးသွားချင်တာကြောင့် ၅၄၁ တပ်ရင်းဘက်က ကုန်းကို တက်သွားတာ။ အဲဒီမှာ မြေမြုပ်မိုင်း ထိတာ။ ခြေကတော့ နှစ်ဖက်စလုံး ပြတ်သွားတယ်။ အခုအရေးပေါ်လူနာ အဖြစ် မင်းပြားဆေးရုံကနေ့ မြောက်ဦးခရိုင်ဆေးရုံးကို ပို့ထားတယ်။" 

ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်မိတာ ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးတာနဲ့ အသက်သေဆုံးတာတွေ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်အတွင်း  ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြေမြုပ်မိုင်းထိပြီး သေဆုံးသူ ၁၀ ယောက်ရှိပြီး ထိခိုက် ဒဏ်ရာရသူ ၃၀ ကျော်အထိရှိလာပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up