ဇာပိုရစ်ချ်ဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်မှု ရပ်ဆိုင်းထားဟု စက်ရုံတာဝန်ခံ ပြော

ယူကရိန်းနိုင်ငံထဲက ရုရှစစ်တပ်က သိမ်းပိုက်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ လုပ်ငန်းလည်ပတ်မှု အပြည့်အဝ ရပ်ဆိုင်းထားပြီလို့ စက်ရုံတာဝန်ခံ အန်နာဟွာသွန်က စက်တင်ဘာ ၁၁ ရက် မှာ ပြောပါတယ်။
စက်ရုံရဲ့ ခြောက်ခုမြောက် ယူနစ်ကို မဟာဓာတ်အားလိုင်းကနေ ဖြတ်တောက်လိုက်တယ်လို့ အေဂျင်စီက ပြောပါတယ်။
ဥရောပရဲ့ အကြီးဆုံး စက်ရုံတဝိုက်မှာရှိတဲ့ ရုရှတွေ သိမ်းပိုက်ထားတဲ့ ဧရိယာတွေမှာ နေထိုင်သူတွေ ဘေးကင်းစေဖို့ နေရာရွှေ့ပြောင်းကြဖို့ ယူကရိန်းအစိုးရက တောင်းဆိုထားတာပါ။
ရုရှားနဲ့ ယူကရိန်းတို့က နျူကလီယားစက်ရုံကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ရင်း နျူကလီယား ဘေးအန္တရာယ် ကျရောက်အောင် လုပ်နေတယ်လို့ အပြန်အလှန် စွပ်စွဲထားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်ရုံအနီးတဝိုက်ကို စစ်မဲ့နေရာအဖြစ် သတ်မှတ်ချက် ချထားဖို့ တောင်းဆိုထားပါတယ်။