ဂျပန်တောင်ပိုင်းကျွန်းအနီး တိုင်ဖွန်းမုန်တိုင်းမွေဖှာ တိုက်ခတ်ချိန်တွင် မိုးသက်လေပြင်းကျ လှိုင်းကြီးနိုင်

တိုင်ဖွန်းမုန်တိုင်း မွေဖှာဟာ စက်တင်ဘာ ၁၂ ရက်မှာ ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုမှာရှိတဲ့ အိရှိငါ့ခိ ကျွန်းနားကို ဖြတ်သွားချိန်မှာ မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးနိုင်တယ်လို့ တရားဝင် သတိပေးချက်တွေက ဆိုပါတယ်။
မုန်တိုင်းဗဟိုချက်နားမှာ လေတိုက်နှုန်းက တနာရီကို ၈၉ မိုင်အထိရှိနိုင်တယ်လို့ ဂျပန်မိုးလေဝသ အေဂျင်စီက တာဝန်ရှိသူတွေက သတိပေးထားတယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း NHK က ဖော်ပြပါတယ်။
အခုနှစ် ပစိဖိတ်ရာသီရဲ့ ၁၂ ကြိမ်မြောက် တိုင်ဖွန်းမုန်တိုင်း မွေဖှာဟာ လာမယ့်ရက်တွေအတွင်း တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ ဂျပန်အနောက်ဘက်အကျဆုံး ကျူရှူးကျွန်းရဲ့ အစိတ်အပိုင်းတွေကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟင်နမ်နောရဲ့ နောက်ဆက်တွဲပါ။ သီတင်းပတ်အစောပိုင်းက မုန်တိုင်း ဟင်နမ်နော်ကြောင့် မိုးသည်းထန်ခဲ့ပြီး လေယာဉ် ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။