ရုရှားနှင့်ပူးပေါင်းရန် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဟု လူဟန့်စ်ဒေသအကြီးအကဲ ပြော

ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးအဖွဲ့တွေထဲက လူဟန့်စ်ဒေသရဲ့ အကြီးအကဲက ရုရှားနိုင်ငံနဲ့ ပူးပေါင်းဖို့ လူထုဆန္ဒခံယူပွဲတရပ်ကို လာမယ့်ရက်အနည်းငယ်အတွင်း ကျင်းပမယ်လို့ စက်တင်ဘာ ၂၀ ရက်က ပြောလိုက်ပါတယ်။
လူထုဆန္ဒခံယူပွဲကို စက်တင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပမယ်လို့ လူဟန့်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် လီယိုနစ်ဒ် ပါဆက်နစ်ခ်က သူ့ရဲ့ တယ်လီဂရန်ချန်နယ်မှာ တင်ထားတဲ့ ဗွီဒီယိုမိန့်ခွန်းထဲမှာ ပြောပါတယ်။
ရုရှားကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန် ဒန်ညက်စ်ဒေသ ခေါင်းဆောင် ဒန်းနစ် ပုရှိလင်ကတော့ အိမ်နီးချင်း လူဟန့်စ်ပြည်နယ်က ခွဲထွက်ရေးခေါင်းဆောင် အချင်းချင်း ပူးပေါင်းပါဝင်ဖို့ အစောတည်းက မျှော်လင့်ထားတဲ့ ဆန္ဒခံယူပွဲအတွက် ပြင်ဆင်ဖို့ တောင်းဆိုပါတယ်။
တနင်္လာနေ့ ညနေပိုင်းက ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗွီဒီယိုတခုမှာ ပါဆက်နစ်ခ်နဲ့ ဖုန်းပြောနေတာကို ပြပါတယ်။
“ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ထပ်တူပြုသင့်ပါတယ်” လို့လည်း ပုရှိလင်က ပြောပါတယ်။
ယူကရိန်းနိုင်ငံ ခါဆွန်ဒေသမှာရှိတဲ့ ရုရှားလိုလားတဲ့ အရာရှိတွေက ခါဆွန်ဒေသ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဝင်ရောက်ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပရေး ဆုံးဖြတ်ခဲ့တယ်လို့ အင်္ဂါနေ့နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။