close

မက္ကဆီကိုတွင် အင်အားပြင်းငလျင်ကြောင့် လူ ၂ ဦးသေဆုံးပြီး အဆောက်အအုံ ၃,၀၀၀ ကျော်ပျက်စီး

မက္ကဆီကိုနိုင်ငံမှာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူနှစ်ယောက် သေဆုံးပြီး အဆောက်အအုံ ၃,၀၀၀ ကျော် ပျက်စီးသွားပါတယ်။ 

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အများစုဟာ အနောက်ဘက် မီချိုဝါကန်ပြည်နယ်ထဲက ငလျင်ဗဟိုအနီးရှိ ပြည်နယ်တွေမှာဖြစ်ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

၁၉၈၅ ခုနှစ်နဲ့ ၂၀၁၇  ခုနှစ်တွေက အဲဒီနေ့ရက်မှာပဲ အင်အားပြင်းငလျင်ကြီးတွေ လှုပ်ခတ်ခဲ့တဲ့ အထိမ်းအမှတ် စုဝေးစီတန်းလေ့ကျင့်မှု လုပ်အပြီးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မက္ကဆီကိုအလယ်ပိုင်းမှာ တနင်္လာနေ့က ငလျင်လှုပ်ခဲ့တာပါတယ်။

ငလျင်ဗဟိုချက်ဟာ မီချိုဝါကန်ရှိ ကိုးလ်ကိုမန်မြို့ရဲ့တောင်ဘက် ၆၃ ကီလိုမီတာအကွာမှာ ရှိပြီး ငလျင်အနက် ၁၅ ကီလိုမီတာရှိကြောင်း မက္ကဆီကို ငလျင်စောင့်ကြည့်ရေး အေဂျင်စီမှ ပြောကြားခဲ့ပါတယ်။

တောင်ပေါ်မြို့ ကိုးလ်ကိုမန်မှာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ အများပြည်သူဆိုင်ရာ အဆောက်အဦတွေနဲ့ နေအိမ်တွေ သိသိသာသာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ဖို့က နှစ်ပေါင်းများစွာ ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် အဲဒီဒေသတလျှောက်မှာ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ၇၀၀ နီးပါး ရှိခဲ့ပြီး နေအိမ်တွေ ပျက်စီးသွားခဲ့ရတဲ့ ဒေသခံတွေဟာ သူတို့အိပ်ပျော်နေတုန်း ထပ်ပြိုကျလာမှာကို စိုးရိမ်ထိတ်လန့်နေကြ ပါတယ်။

ကိုးလ်ကိုမန်မြို့ရဲ့ မြို့တော်ဝန် မာရီယာ အက်စ်ကီဗဲလ်က နောက်ဆက်တွဲငလျင်တွေ အများကြီး ရှိနေသေးတဲ့အတွက် ကြောက်လန့်နေရပြီး အမြဲသတိရှိနေရကြောင်း ပြောပါတယ်။

စာသင်ကျောင်းတွေလည်း ပိတ်ထားလိုက်ရပြီး ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရဆီကို အကူအညီ တောင်းထားတယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up