အီရန်အမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်သည့် လန်ဒန်မြို့ဆန္ဒပြပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်

အီရန်နိုင်ငံမှာ အကျင့်စာရိတ္တ ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရပြီးနောက် အမျိုးသမီးတစ်ဦး သေဆုံးမှုနဲ့ ဆက်စပ်ပြီး စက်တင်ဘာ ၂၅ ရက်က ယူကေနိုင်ငံ လန်ဒန်မြို့ အနောက်မြောက်ပိုင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
လန်ဒန်မြို့လယ်က မာဘယ်လ်မုခ်ဦးနားက နေရာနဲ့ အင်္ဂလန်အနောက်မြောက်ဘက် ၃ ကီလိုမီတာ အကွာမှာရှိတဲ့ အစ္စလာမ္မစ်စင်တာနားတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာဖြစ်ပြီ အဲဒီ နေရာတွေမှာ ဗြိတိန် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ချထားခဲ့ပါတယ်။
အီရန်မှာ ဘာသာရေးအရဝတ်ဆင်ရတဲ့ မွတ်ဆလင် ခေါင်းစည်းပုဝါကို မသင့်တော်စွာ ဝတ်ဆင်မှုနဲ့ အသက် ၂၂ နှစ်အရွယ် ကာ့ဒ်အမျိုးသမီး မာဆာအာမီနီဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့အပြီး အီရန်နိုင်ငံတဝန်းမှာ ကျန်ခဲ့တဲ့ သီတင်းပတ် တပတ်ကျော် ကာလပတ်လုံး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
လတ်တလော နှစ်တွေအတွင်း အကြီးမားဆုံး အီရန်ဆန္ဒပြပွဲတွေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မကြာသေးမီရက်တွေအတွင်း ဆန္ဒပြပွဲတွေကို မြင်တွေ့ခဲ့ရပါတယ်။၏
နိုင်ငံတဝန်း မငြိမ်မသက်မှုတွေမှာ ဝင်ရောက်စွက်ဖက်မှုနဲ့ ရန်လိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြမှုတွေ အတွက် အီရန်အစိုးရက ဗြိတိန်နဲ့ နော်ဝေ သံတမန်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။