ရုရှား-ယူကရိန်းပဋိပက္ခ မစွက်ဖက်ရန် ဂျာမနီနိုင်ငံသားများ ဆန္ဒပြ

ရုရှား-ယူကရိန်းပဋိပက္ခမှာ ဂျာမနီက စွက်ဖက်မှုမပြုလုပ်ဖို့ မြို့တော် ဘာလင်ရဲ့ လမ်းတွေပေါ်မှာ ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။
ယူကရိန်း- ရုရှားပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်း၊ စီးပွားရေး ယိုစိမ့်မှုနဲ့ ကုန်စျေးနှုန်း ထိုးတက်တာတွေ ဖြစ်လာခဲ့တာပါ။
ဆန္ဒပြသူတွေက ယူကရိန်းအကျပ်အတည်းနဲ့ ပတ်သက်တဲ့ ဂျာမနီအစိုးရရဲ့ မူဝါဒတွေကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ယူကရိန်းကို လက်နက်ထောက်ပံ့မှု ချက်ချင်း ရပ်ဖို့နဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရုရှား -ယူကရိန်း ပဋိပက္ခ ဖြစ်ပြီးကတည်းက ဥရောပသမဂ္ဂ အီးယူဟာ ရုရှားအပေါ် တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး စွမ်းအင်အကျပ်အတည်း နဲ့ စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
ခုနှစ် သဘာဝဓာတ်ငွေ့ အပူပေးမှုဆိုင်ရာ ဥပဒေကြမ်းဟာ မနှစ်ကထက် အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပိုများတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
"စွမ်းအင်စျေးနှုန်းက ဆက်တက်နေပါတယ်။ အပူပေးဖို့အတွက် သဘာဝဓာတ်ငွေ့ကို သုံးပေမယ့် ဈေးနှုန်း ဘယ်လောက်မြင့်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး" လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
သီးခြား ဆန္ဒပြပွဲတရပ်မှာ လူတွေက အချိန်ကြာလာနေတဲ့ ပဋိပက္ခမှာ နေတိုးရဲ့ စွက်ဖက်မှုကို အပြစ်တင်ခဲ့ကြပါတယ်။
ယူကရိန်းကို လက်နက်တွေ သယ်ပို့ပေးတာ ရပ်တံ့ဖို့ ဂျာမန်အစိုးရကို မေတ္တာရပ်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။