မန်စီးတီးနှင့်ပွဲတွင် ရော်နယ်ဒိုကို အသုံးမပြုခဲ့သည့်အပေါ် တန်ဟတ်ဂ်ကို ရွိုင်ကိန်းဝေဖန်

မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲမှာ တိုက်စစ်မှူးရော်နယ်ဒိုကို အသုံးမပြုခဲ့တဲ့အပေါ် နည်းပြတန် ဟတ်ဂ်ကို မန်ယူကစားသမားဟောင်းရွိုင်ကိန်းက ပြောဝေဖန်သွားပါတယ်။
မန်ယူအသင်းဟာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ချိန်မှာ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုကို အသုံးမပြုဘဲ တိုက်စစ်မှူးမာစီယယ်နဲ့ တခြားကစားသမားတွေကိုပဲ လူစားလဲစေခဲ့တာပါ။
“နည်းပြတစ်ယောက်အတွက် ရွေးချယ်မှုတွေလုပ်ရတာမှန်ပေမယ့် သမိုင်းတစ်လျှောက် အခမ်းနားဆုံးသော ကစားသမားကိုတော့ အရန်ခုံမှာပဲထားခဲ့တယ်။ ဒီလိုတွေ ထပ်လုပ်နေရင် ရော်နယ်ဒိုဘက်ကပိုပြီး ဒေါသထွက်လာနိုင်တယ်။ ပြီးတော့ ရော်နယ်ဒိုကို အရန်ခုံမှာ ထိုင်းခိုင်းတာက ကစားသမားတစ်ယောက်ရဲ့ ဂုဏ်ကို လှောင်ပြောင်လိုက်သလိုပဲ”လို့ရွိုင်ကိန်းက ပါတယ်။
အရန်ခုံမှာ ထိုင်းခိုင်းမယ့်အတူတူ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ရောင်းချ လိုက်သင့်ကြောင်းလည်းရွိုင်ကိန်က တိုက်တွန်းသွားပါတယ်။