လူအင်အားကောင်းသဖြင့် အလှည့်ကျစနစ် သုံးခြင်းဖြစ်ဟု ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာပြော

ချဲလ်ဆီးအသင်းရဲ့ လူစာရင်းဟာ တောင့်တင်းမှုရှိတာကြောင့် အလှည့်ကျစနစ်နဲ့ အသုံးပြုတာဖြစ် ကြောင်း နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက ဝုဗ်အသင်းကို ၃ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအပြောင်းအလဲတွေ လုပ်ခဲ့တာပါ။
အေစီမီလန်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်လူစာရင်းက ၄ ဦးပဲ အသုံးပြုခဲ့ပြီး ၇ ဦး အထိအပြာင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ပေါ်တာဟာ အူဘာမီယန်း၊ စတာလင်၊ သီယာဂိုဆေးလ်ဗား၊ ဘင်ချီဝဲလ်၊ ရီဆီဂျိမ်းစ် အစရှိတဲ့ ကစားသမားတွေကို ဝုဗ်နဲ့ပွဲမှာ ပွဲထွက်အသုံးမပြုခဲ့ဘဲ ကစားသမားတွေကို အလှည့်ကျ စနစ်နဲ့ အသုံးပြုသွားခဲ့တာပါ။
အဲဒီလို ကစားသမားအပြောင်းအလဲများစွာပြုလုပ်ခဲ့တာက တောင့်တင်းတဲ့ လူစာရင်း ပိုင်ဆိုင်ထားတာကြောင့်ဖြစ်ပြီး ပြိုင်ပွဲတွေများသလို တပတ်သုံးပွဲ ယှဉ်ပြိုင်နေရတဲ့အတွက် အလှည့်ကျစနစ်နဲ့ အသုံးပြုဖို့လိုအပ်ကြောင်း နည်းပြပေါ်တာက ပြောသွားပါတယ်။
ချဲလ်ဆီးဟာ ဝုဗ်နဲ့ပွဲမှာ ကစားသမား ၇ ဦး အထိ ပြောင်းလဲ ပွဲထွက်ခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၃ ဂိုး ဂိုး မရှိနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်။