ဂရေဟမ်ပေါ်တာရှိရာ ချဲလ်ဆီးသို့ ပြောင်းရွှေ့ရန် ကွင်းလယ်လူ ထရော့ဆတ်ဆန္ဒရှိ

နည်းပြဂရေဟမ်ပေါ်တာရှိရာ ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားချင်တယ်လို့ ကွင်းလယ် ကစားသမား ထရော့ဆတ်က ပြောပါတယ်။
အသက်၂၇ နှစ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ နည်းပြဂရေဟမ်ပေါ်တာရဲ့ စိတ်ကြိုက်ကစားသမားတယောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ခေါ်ယူခဲ့တာပါ။ လက်ရှိ အချိန်မှာ နည်းပြပေါ်တာက ချဲလ်ဆီးအသင်းကိုပြောင်းရွှေ့ခဲ့ပြီး အခွင့်အရေးရလာမယ်ဆိုရင် ဆရာဟောင်းရှိရာ လန်ဒန်ကလပ်ဆီပြောင်းရွှေ့ချင်ကြောင်း ထရော့ဆတ်က ဖွင့်ဟလာခဲ့တာပါ။
“အခွင့်အရေးရလာမယ်ဆိုရင်တော့ ကျနော်လည်းပြောင်းရွှေ့ကစားချင်တယ်။ ဒါပေမဲ့ ကျနော် ပွဲကစားချင်ပါတယ်။ အရန်ခုံထိုင်ဖို့တော့မဟုတ်ဘူး” လို့ ထရော့ဆတ်ကပြောပါတယ်။
ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံနေရာတွေမှာကစားနိုင်တဲ့သူဟာ ဘရိုက်တန်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရနေပြီး ၂၀၁၉ ခုနှစ်ကနေ လက်ရှိအချိန်အထိ ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့ပြီးဖြစ်ပါတယ်။