close

ပခုက္ကူမြို့နယ်၌ ခရီးသွားလူငယ် ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အောက်တိုဘာ ၉ ရက် ညနေပိုင်းက ခရီးသွား လူငယ်တယောက်ကို စစ်ကောင်စီတပ်က  PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့  မြို့ခံတယောက်က ပြောပါတယ်။

ရှားတောရွာက အသက် ၂၀ အရွယ် ကိုစောသီဟကို မနေ့က ညနေ ၄ နာရီလောက်က ပခုက္ကူုမြို့ အမှတ် ၁၁ ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေနဲ့ အပေါင်းပါတွေက PDF လို့ စွပ်စွဲပြီး စောင့်ဆိုင်း ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ ပခုက္ကူမြို့ကို ဘုရားဖူးလာရောက်ကာ သူငယ်ချင်းတွေဆီကို လျှောက်လည်ရင်း တယောက်တည်း ရှိနေချိန် ဖမ်းဆီးခံလိုက်ရပြီး ပခုက္ကူမြို့မရဲစခန်းကို ခေါ်ဆောင် သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့အပေါင်းပါတွေဟာ ဒေသခံတွေနဲ့ NLD ပါတီထောက်ခံဝန်းရံသူတွေကို PDFတပ်ဖွဲ့ဝင် ၊ PDFထောက်ပံ့သူ၊ မမှန်သတင်းရေးသားဖြန့်ဝေသူလို့ ခေါင်းစဥ် အမျိုးမျိုး တပ်ပြီး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၅၈၆ ယောက်အနက် ၁၅၀၈ ယောက် ထောင်ဒဏ်ချခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up