နီကာရာဂွါနိုင်ငံကို ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဟာရီကိန်း ဂျူလီယာဟာ နီကာရာဂွါနိုင်ငံကို အောက်တိုဘာလ ၉ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၈၅ မိုင် ထိ တိုက်ခဲ့ပါတယ်။
မုန်တိုင်းဒီရေလှိုင်းတွေ ကုန်းပေါ် တက်လာခဲ့တယ်လို့ အမေရိကန်အမျိုးသား ဟာရီကိန်း စင်တာက ပြောကြားလိုက်ပြီး လာမယ့်ရက်တွေမှာ ဒေသအနှံ့အန္တရာယ်ရှိတဲ့ ရာသီဥတု သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
မုန်တိုင်းဟာ လာဂူနာဒေ ပါလက်စ် အနားကနေ တနင်္ဂနွေနေ့ အစောပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ခဲ့တယ်လို့ NHC က ပြောပါတယ်။
ဟာရီကိန်းမုန်တိုင်းဟာ တနင်္လာနေ့ညမှာ နီကာရာဂွါကနေ ပစိဖိတ်အရှေ့ခြမ်းကိုဖြတ်ရင်း တဖြည်းဖြည်း အားပျော့လာမယ်လို့ မျှော်လင့် ထားပါတယ်။
တနင်္လာနေ့နဲ့ တနင်္လာနေ့ညတွေမှာ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေးဒေါနဲ့ ဂွါတီမာလာနိုင်ငံတွေရဲ့ ပစိဖိတ်ကမ်းရိုးတန်းအနား ဒါမှမဟုတ် ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် ရွေ့လျားဖို့ ခန့်မှန်း ထားတယ်လို့ NHC က ပြောပါတယ်။