close

ငပလီတွင် ကျပ်သန်း ၂၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှာရှိတဲ့ မဒေးတောင်ရပ်တော်မူဘုရားအနီး အမှိုက်ပုံကနေ ကျပ်သန်း ၂၆၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မသင်္ကာစရာအိတ် ၂ အိတ်တွေ့ရှိ​တယ်လို့ ဘုရားဂေါပကအဖွဲ့ဝင်တယောက်က အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှာ သတင်းပို့တာကြောင့် သွားရောက်စစ်ဆေးခဲ့ရာမှာ ဆာလာအိတ်တွေထဲကနေ WY/R စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၀,၀၀၀ ပြား သိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။

အဲဒီဆေးပြားတွေရဲ့ ကာလတန်ဖိုးဟာ ကျပ်သန်းပေါင်း ၂၆၀၀ ကျော် ရှိတယ်လို့ခန့်မှန်းထားပြီး  ဂျိတ္တောနယ်မြေ ရဲစခန်းမှာ မူးယစ်ဆေးဝါးအက်ဥပဒေပုဒ်မနဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up