အမေရိကန် စီးပွားရေးပညာရှင် ၃ ဦး စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရရှိ

အမေရိကန်ပြည်ထောင်စု Federal Reserve ဘဏ်ရဲ့ဥက္ကဋ္ဌ ဘန်ဘာနန်းခီ အပါအဝင် အမေရိကန် စီးပွားရေးပညာရှင် ၃ ဦးဟာ ၂၀၂၂ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ကို အောက်တိုဘာ ၁၀ ရက်က ရရှိခဲ့ပါတယ်။
မကြာသေးမီက ကမ္ဘာ့ကပ်ရောဂါ ဒါမှမဟုတ် ၂၀၀၈ ခုနှစ် စီးပွားပျက်ကပ်လိုမျိုး ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းပုံရဲ့ အခြေခံအုတ်မြစ်ကို ချပြနိုင်ခဲ့လို့ဆုချီးမြှင့်တာလို့ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ပြောပါတယ်။
ဘန်ဘာနန်းခီ၊ ဒေါက်ကလပ်စ်ဒိုင်းမွန်းနဲ့ ဖိလစ်ဒီဗစ်ခ်တို့ သုံးဦးဟာ ဘဏ်တွေကို ထိန်းညှိခြင်းနဲ့ ပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ ငွေချေးသူတွေကို ပြည်သူ့ငွေနဲ့ ပံ့ပိုးပေးခဲ့တဲ့၊ ၁၉၃၀ ပြည်လွန်နှစ်တွေမှာကြုံခဲ့ရတဲ့ Great Depression စီးပွားရေးအကျပ်အတည်းကို တွန်းလှန်နိုင်ပုံအကြောင်း သုတေသနအတွက် ဆုရခဲ့တာလည်း ဖြစ်ပါတယ်။
မကြာသေးမီက ကြီးမားတဲ့ အကျပ်အတည်း နှစ်ခုဖြစ်တဲ့ စီးပွားရေး ဆုတ်ယုတ်မှုကြီးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှုတို့ကို ရင်ဆိုင်ရာမှာ ဗဟိုဘဏ်တွေနဲ့ ကမ္ဘာတဝန်းက ဘဏ္ဍာရေးဆိုင်ရာ ထိန်းညှိသူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ ကြီးမားတယ်လို့ ပြောရင်း ဆုရရှိသူတွေကို ဆွီဒင်နိုဘယ်ဆု ပေးအပ်ရေး အကယ်ဒမီမှ ကြေညာခဲ့ပါတယ်။
လူ့အဖွဲ့အစည်းတရပ်လုံးအတွက် အကျိုးရှိပြီး တချို့သူတွေအတွက် ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းထုတ်စရာ ဖြစ်နေရင်တောင် ထောက်ပံ့ငွေတွေဟာ ပိုမိုနာကျင်မှုကို တားဆီးနိုင်စရာရှိတယ်လို့ ဆုရှင်တွေရဲ့ သုတေသနပြုချက်တွေက ထောက်ပြထားပါတယ်။
Photo-Nobel Prize