close

ဗန်းမောက်တွင် KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ဓာတ်ပုံ - သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ နှင့်ပစ္စည်းများ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက KIA/PDF ပူးပေါင်းတပ်နဲ့ နားမော်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အရင်ရက်ပိုင်းကလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံး များတာကြောင့် တပ်ဖျောက်ထားကာ ဒီကနေ့ အောက်တိုဘာ ၁၁ ရက်မှာ စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

“ယခင်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စကစများမှ ထိခိုက်သေဆုံးမှုများစွာရှိခဲ့ပြီး လက်နက်ခဲယမ်းများကိုလဲ သိမ်းဆည်းရရှိခဲ့ပါသည်။ မိမိတို့ ပူးပေါင်းတပ်များဘက်မှ ဒဏ်ရာရရှိမှုအချို့ ရှိခဲ့ပါသည်။” လို့ Banmauk Revolution - BM Team က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တောထဲဟင်းရှာထွက်တဲ့ မိသားစု မိုင်းနင်းမိတဲ့အတွက် အတူပါ မိန်းကလေးနှစ်ဦး သေဆုံးခဲ့ပြီး ကျန်မိသားစုဝင်တွေလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအရှိန်မြင့်နေချိန်မှာ နှစ်zက်ထောင်ကြတဲ့ မိုင်းတွေကြောင့် ထိခိုက်မှုရှိနိုင်တဲ့အတွက် တောထဲဟင်းရှာတာတွေ မလုပ်ဖို့နဲ့ နီးစပ်ရာတွေက သတိပေးဖို့အတွက် Banmauk Revolution - BM Team က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတဦး ဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၆ ရက်နေ့က ဗန်းမောက်မြို့တောင်ပိုင်း စီးမော်ရွာ နဲ့ သောင်ကြီးရွာ စစ်ကောင်စီတပ်က စစ်လေယာဉ်နဲ့ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up