close

ပေါက်နှင့် ရေစကြိုတွင် စစ်တပ်က လူငယ် ၂ ဦးကို PDF ဟုစွပ်စွဲပြီး ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့နဲ့ ရေစကြိုမြို့တို့မှာ အောက်တိုဘာ ၁၁ ရက်က လူငယ် ၂ ယောက်ကို စစ်အုပ်စုက PDF လို့စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ ပေါက်မြို့ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပေါက်မြို့က စစ်ကောင်စီရဲ့ သရက်တောဂိတ်မှာ မနေ့ အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီလောက်က ပခုက္ကူကနေပြန်လာတဲ့ ခရီးသည်တင်ကားပေါ်မှာ လိုက်ပါလာတဲ့ ပေါက်မြို့က ခရီးသွားပြည်သူတယောက်ဖြစ်တဲ့ ကိုမျိုးနိုင်ကို PDF လို့စွပ်စွဲပြီး စစ်အုပ်စုတွေက ဖမ်းဆီးသွားကြတယ်။ စစ်(...)တွေကတော့ အပြစ်မဲ့ပြည်သူတွေနဲ့ လူငယ်အများစုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်၊ PDF ထောက်ပံ့သူ၊ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ မမှန်သတင်းရေးသူ ဖြန့်ဝေသူဆိုပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးနေကြတာ။ မိဘပြည်သူတွေအနေနဲ့လည်း အပြင်သွားပြီး စစ်(...)တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်မယ်ဆိုရင် လက်ကိုင်ဖုန်းတွေကို လုံခြုံအောင်လုပ်ဆောင်ပြီးမှ သွားလာကြဖို့ သတိပေးချင်တယ်။”

ရေစကြိုမြို့၊ အမှတ် ၃ ရပ်ကွက်က ကိုရဲထက်ပိုင်ကိုလည်း မနေ့ အောက်တိုဘာ ၁၁ ရက် ည ၉ နာရီလောက်မှာ အမှတ် ၃ ရပ်ကွက် ကမ်းနားလမ်းမှာ စစ်‌ေကာင်စီတပ်က ဖမ်းဆီးသွားပြီး ရေစကြိုမြို့မရဲစခန်းကို ခေါ်ဆောင်သွားကြတယ်လို့ ရေစကြိုမြို့ခံတယောက်က ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အောက်တိုဘာ ၁၁ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၁၂,၆၂၃ ယောက်ရှိပြီး အဲဒီထဲက ၁,၅၃၁ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up