မန်ယူတိုက်စစ်မှူး မာစီယယ် နောက်ကျောဒဏ်ရာကြောင့် ယူရိုပါလိဂ်ပွဲ လွဲချော်မည်

မန်ယူတိုက်စစ်မှူး အန်တိုနီမာစီယယ်ဟာ နောက်ကျောဒဏ်ရာကြောင့် အိုမိုနီယာနီကိုရှား အသင်းနဲ့ ကန်ရမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် ပွဲထွက် ၁၁ ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ မာစီယယ်ဟာ ပွဲချိန် ၂၉ မိနစ်မှာပဲ ဒဏ်ရာရပြီး စီရော်နယ်ဒိုနဲ့ လူစားလဲခဲ့ရတာပါ။
မာစီယယ်ဟာ နောက်ကျောဒဏ်ရာရရှိခဲ့ပြီး ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အိုမိုနီယာနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
မာစီယယ်ဟာ မန်ယူအသင်း ပြိုင်ပွဲစုံမှာ ၃ ဂိုးသွင်း ၂ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပြီး ခြေစွမ်းပြနေတာပါ။ နည်းပြ တန်ဟတ်ဂ်လက်ထက်မှာ ၃ ကြိမ်မြောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့လည်း မသေချာသေးဘူးလို့ မီဒီယာတွေက ဖော်ပြပါတယ်။