မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ၇၀ ရာခိုင်နှုန်းရှိနေ

အခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို မန်စီးတီးအသင်းက ရယူနိုင်ဖို့ ၇၀ ရာခိုင်နှုန်းအထိရှိနေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
FiveThirtyEight ဆိုတဲ့အချက်အလက်အဖွဲ့အစည်းတစ်ခုကနေ ပရီးမီးယားလိဂ်ချန်ပီယံ၊ ဥရောပဝင်ခွင့်ရမယ့်အသင်းတွေနဲ့ တန်းဆင်းရမယ့်အသင်းတွေကို ခန့်မှန်း သုံးသပ်ခဲ့တာပါ။
သူတို့လေ့လာထားတဲ့ အချက်အလက်တွေအရ မန်စီးတီးက ချန်ပီယံဖြစ်ဖို့ ၇၀ ရာခိုင်နူန်းအထိရှိပြီး လက်ရှိအမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်က ၁၄ ရာခိုင်နူန်း သာရှိပါတယ်။ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ၇၅ ရာခိုင်နူန်းရှိပြီး လီဗာပူး၊ ချဲလ်ဆီးအသင်းတွေက အဆင့်လေးအတွင်းဝင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။
စပါးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ၄၇ ရာခိုင်နှုန်းရှိပြီး မန်ယူနိုက်တက်က ၂၆ ရာခိုင်နူန်းပဲရှိပါတယ်။
တန်းဆင်းရနိုင်တဲ့အသင်းတွေဖြစ် နော်တမ်ဟမ်ဖောရက်စ်၊ ဘုန်းမောက်နဲ့ ဖူဟမ်အသင်းတို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဘရိုက်တန်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ၁၉ ရာခိုင်နှုန်းရှိတယ်လို့လည်း FiveThirtyEight အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။