လုံခြုံရေး လက်နက်မှောင်ခိုနှင့် လူကုန်ကူးမှုတားဆီးရေး မက္ကဆီကိုနှင့် အမေရိကန် သဘောတူ

မက္ကဆီကိုနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား လုံခြုံရေး၊ လက်နက်မှောင်ခိုနဲ့ လူကုန်ကူးမှု တားဆီးရေးတို့အတွက် အောက်တိုဘာ ၁၃ ရက်မှာ သဘောတူလိုက်ကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ ပြည်ထဲလုံခြုံရေးဝန်ကြီး အဲလက်ဇန်ဒရို မေယာကက်စ်၊ ရှေ့နေချုပ် မာရခ်ဂါလန်ဒ်တို့ဟာ မက္ကဆီနိုင်ငံက သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး သဘောတူလိုက်ကြတာပါ။
ဟေတီမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ ကိစ္စ၊ လက်နက်မှောင်ခိုကိစ္စတွေနဲ့ ဗင်နီဇွဲလားကနေ လူမှောင်ခိုကူးတဲ့ ကိစ္စတွေဟာ ဆွေးနွေးတဲ့အကြောင်းတွေထဲမှာ ပါဝင်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှတော့ ဝန်ကြီး ဘလင်ကန်က အမေရိကန်အစိုးရအနေနဲ့ လူဆိုးဂိုဏ်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟေတီရဲတပ်ဖွဲ့ကို အင်အားကောင်းအောင် ပံ့ပိုးပေးသွားမယ့်အကြောင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းပြီး အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်နေတဲ့ ဟေတီကို အကူအညီတွေ အမြန်ဆုံး ပို့ပေးသွားမယ့်အကြောင်းလည်း ပြောပါတယ်။