close

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို စက်တင်ဘာ ၁၄ ရက် ည ၈ နာရီခွဲက ရှော့တိုက်ဒုံးနဲ့ သုံးကြိမ် ပစ်ခံတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်တွေကနေ သိရပါတယ်။

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ထဲမှ မနေ့ ည ၈ နာရီခွဲက ကျယ်လောင်စွာပေါက်ကွဲတဲ့ အသံ သုံးကြိမ်ကြားရတယ်လို့ လေတပ်စခန်းအနီးက ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

"ညက ကိုးနာရီမထိုးခင်က လေတပ်စခန်းထဲက ပေါက်ကွဲသံတွေ ကြားရတယ်။ အသံက လေကို ဖြတ်သွားပြီး ပေါက်ကွဲတဲ့ အသံမျိုး သုံးကြိမ်လောက်ကြားရတယ်။"

ပေါက်ကွဲမှုမှာ ရှော့တိုက်ဒုံးနဲ့ပစ်ခံရတာဖြစ်ပြီး လေတပ်စခန်းဌာနချုပ်မှာတစ်ကြိမ် လေယာဥ်ပြုပြင်ရေးစခန်းအနီးမှာ တကြိမ်ပေါက်ကွဲခဲ့ပြီး နောက်တကြိမ်မှာ လေတပ်စခန်းနားက မြက်ခင်းပြင်ပေါ်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်နဲ့ နီးစပ်သူတဦးက "ပစ်တာက သုံးကြိမ်၊ နှစ်ကြိမ်က ဌာနချုပ်နဲ့ ပြုပြင်ရေးဘက်ကို ကျတာ။ တကြိမ်က မြက်ခင်းပေါ်ကျတာ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်"လို့ ပြောပါတယ်။

မနေ့မနက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ် ယောက်ကော်ပန်းခြံနားမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကား မိုင်းခွဲ ဖျက်ဆီးခံရပြီး စစ်သား နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု  ၂၁ ကြိမ်ဖြစ်ခဲ့ပြီး ၃ ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up