close

မောင်တောတွင် ပရဟိတသမား ၁ ဦးနှင့် လုပ်ငန်းရှင် ၁ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်း ဘဏ္ဍာရေးမှူးနဲ့ KNN ရေသန့်စက်ပိုင်ရှင်တို့ကို စစ်ကောင်စီက အောက်တိုဘာ ၁၄ ရက် ညသန်းခေါင်လောက်မှာ နေအိမ်တွေက ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဖမ်ဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက "အစက ကရုဏာကွန်ရက် ဘဏ္ဍာရေးမှူး ဦးလှသိန်းနဲ သူ့ ယောက်ဖကို ဖမ်းတယ်။ နောက်ပြီး KNN ရေသန့်စက်ပိုင်ရှင် ထွန်းလင်းကျော်ကို ဖမ်းတယ်။ ဒီနေ့ မနက်မှာတော ကရုဏာကွန်ရက် ဘဏ္ဍာရေးမှူး ဦးလှသိန်းရဲ့  ယောက်ဖဖြစ်သူကို ပြန်လွှတ်ပေးလိုက်တယ်။ ကျန် နှစ်ယောက်ကိုတော နခခ(၅)မှာဖမ်းဆီးထားဆဲပါ။"လို့ပြောပါတယ်။

စီးပွားရေးသမားကို ဖမ်းတာက ကိစ္စမရှိပေမဲ့ လူမူရေးအဖွဲ့တွေကို သံသယအမြင်တွေနဲ့ အခုလို ဖမ်းဆီးလာတာတွေကြောင့် ကရုဏာကွန်ရက်လုပ်ငန်းတွေရပ်နားရလို့ ပြည်သူအတွက် နစ်နာစရာ ဖြစ်တယ်လို့ မောင်တောမြို့ခံ ရပ်မိရဖတဦးက ပြောပါတယ်။

"ကရုဏာကွန်ရက်က လူငယ်တွေက သာရေး၊ နာရေးနဲ့ အရေးပေါ်လူနာ ပို့ဆောင်တာတွေ လုပ်နေကြတာ။ ဒီလိုအလုပ်တွေက သာမန်လူတွေ လုပ်နိုင်တာ မဟုတ်ဘူး။ ဒီလိုအသင်းအဖွဲ့တခု မရှိရင် မောင်တောက ပြည်သူတွေ အခက်အခဲတွေ့ကြရမှာ။"

ဘဏ္ဍာရေးမှူး ဖမ်းဆီခံရပြီးနောက် ကရုဏာကွန်ရက်ရဲ့လုပ်ငန်းတွေ ယာယီရပ်နားလိုက်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။

လက်ရှိ မောင်တောမြို့ပေါ် လမ်းခွဆုံတွေမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းထား​ပြီး လမ်းသွား လမ်းလာတွေကို စစ်ဆေးနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up