တူနီးရှားဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့

တူနီးရှားနိုင်ငံရဲ့မြို့တော် တူးနစ်မှာ အောက်တိုဘာ ၁၅ ရက်က ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
အဓိကရုဏ်း နှိမ်နင်းရေးရဲတွေကို ကျောက်ခဲတွေ၊ ဓာတ်ဆီ ပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ဆန္ဒပြလူအုပ်ကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပါတယ်။ လမ်းဘေးမှာ မော်တော်ယာဉ်တစ်စီး မီးလောင်နေတာကိုလည်း တွေ့ရပါတယ်။
ဩဂုတ်လတုန်းက ရဲတွေ လိုက်ဖမ်းတာ ခံရအပြီး လည်ပင်း ဒဏ်ရာအပြင်းအထန်ရသွားတဲ့ အသက် ၂၄ နှစ်အရွယ် မာလိခ်ဆေလီမီရဲ့ ဈာပနအပြီး အောက်တိုဘာ ၁၄ ရက်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဆေလီမီ သေဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက မှတ်ချက်မပေးပါဘူး။ တူနီးရှားဟာ ၂၀၂၁ ခုနှစ်မှာ သမ္မတ ခိုက်ခ် ဆာအိ အာဏာသိမ်းပြီး လွှတ်တော်ကို ဖျက်သိမ်းပြီးကတည်းက ပြင်းထန်တဲ့ နိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။
လောင်စာနဲ့ စားနပ်ရိက္ခာပြတ်လပ်နေလို့ လူထုဒေါသတွေ ကြီးထွားလာတာနဲ့အမျှ အောက်တိုဘာ ၁၅ ရက်စောပိုင်းမှာ ပြိုင်ဘက်အတိုက်အခံအုပ်စုနှစ်စုက သမ္မတကို ဆန့်ကျင်တဲ့ အကြီးမားဆုံး ဆန္ဒပြပွဲ တစ်ရပ်ကို စတင်ခဲ့ပါတယ်။