ဘိုလီးဗီးယား မိုင်းတွင်းလုပ်သားများ လက်လုပ်ဒိုင်းနမိုက် မီးရှူးမီးပန်းများ ဖောက်ခွဲဆန္ဒပြ

ဘိုလီးဗီးယားနိုင်ငံမှာ မိုင်းတွင်းလုပ်သားတွေဟာ ပင်စင်ရန်ပုံငွေ ဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အောက်တိုဘာ ၁၂ ရက်မှာတော့ ဆန္ဒပြမှုက အရှိန်မြင့်သွားပြီး မြို့တော် လာပက်ဇ်ရဲ့ လမ်းတွေပေါ်မှာ လက်လုပ် ဒိုင်းနမိုက် မီးရှူးမီးပန်းတွေကို ဖောက်ခွဲခဲ့ကြပါတယ်။
မြို့ခံပြည်သူတချို့ကတော့ မီးရှးမီးပန်းတွေ ဒီလိုဖောက်ခွဲတဲ့အခါ လမ်းသွားလမ်းလာတွေ ပြည်သူတွေ အထိတ်တလန့်ဖြစ်မှာကို ထည့်တွက်သင့်တယ်လို့ ပြောဆိုကြပါတယ်။
ဘိုလီးဗီးယား သတ္တုတွင်းလုပ်သားတွေဟာ အစိုးရပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ Huanuco ရဲ့ ဒေါ်လာသန်းပေါင်းများစွာသော ပင်စင်ရန်ပုံငွေကို ထိန်းချုပ်ဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အခုတော့ အဲဒီရန်ပုံငွေတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေက စီမံခန့်ခွဲနေပါတယ်။
အစိုးရအတည်ပြုခဲ့တဲ့ နောက်ဆုံးအမိန့်က Huanuco အစိုးရပိုင်ကုမ္ပဏီရဲ့ ပံ့ပိုးမှုတွေအားလုံးနဲ့ အသားတင်အမြတ်အားလုံးကို နိုင်ငံတော်လက်ထဲ အပ်နှံရမယ်လို့ ဖော်ပြထားတာပါ။
အစိုးရဟာ အလုပ်သမားတွေရဲ့ အသားတင်အကျိုးအမြတ်တွေကို နိုင်ငံတော်ရဲ့ အထွေထွေဘဏ္ဍာထဲမှာ ထိန်းသိမ်းထားဖို့ နိုင်ငံပိုင်ကုမ္ပဏီတွေကို အတင်းအကျပ် ဖိအားပေး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း Huanuni သတ္တုတွင်းလုပ်သားများ စုပေါင်းခေါင်းဆောင် ဗစ်တာ ကာဘရီရာက ပြောကြားခဲ့ပါတယ်။
အစိုးရက သိမ်းလိုက်ရင် ကုမ္ပဏီရဲ့ ပရောဂျက်တွေနဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ ဘတ်ဂျက်ရှိတော့မှာ မဟုတ်ဘဲ ငွေတပြားမှ ချန်ထားပေးမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။