ဂရိနိုင်ငံတွင် မိုးသည်းထန် ရေကြီးပြီး လူ ၁ ဦးထက်မနည်း သေဆုံး

ဂရိနိုင်ငံ ခရီတီကျွန်းပေါ်မှာ အောက်တိုဘာ ၁၅ ရက်က မိုးကြီးအပြီး ရုတ်တရက် ရေကြီးခဲ့လို့ လူတစ်ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
မျက်မြင်သက်သေတွေရဲ့ မှတ်တမ်းတွေအရ လူနေရပ်ကွက်အတွင်း ရေကြီးရေလျှံပြီး မော်တော်ယာဉ်တွေနဲ့ သစ်ပင်တွေ နစ်မြုပ်သွားခဲ့ပါတယ်။
အောက်တိုဘာ ၁၅ ရက်က ကျွန်းရဲ့ မြောက်ဘက်ကမ်းရိုးတန်းက ရေလွှမ်းမိုးမှု အတွင်း ကားတစီး မျောပါသွားပြီးတဲ့နောက် အမျိုးသားတယောက်သေဆုံးသွာကာ အမျိုးသမီးတယောက် ပျောက်နေတယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။
အေရာကီယိုဒေသမှာရှိတဲ့ အေဂီယာ ပေလယ်ဂီယာရွာမှာ မိုးသည်းသည်းထန်ထန် ရွာပြီးတဲ့ နောက် ပင်လယ်ထဲကို မျောပါသွားတဲ့ ယာဉ်ထဲက လူကို ဂရိမီးသတ် တပ်ဖွဲ့က ဆယ်ယူနိုင်ခဲ့ ပါတယ်။
ကျွန်းပေါ်မှာရှိတဲ့ ရေလျှံနေတဲ့ အဆောက်အအုံတွေက ရေများကို စုပ်ထုတ်ဖို့နဲ့ လူတွေကို ဘေးလွတ်ရာဆီပို့ဖို့ ရာနှင့်ချီတဲ့ ဖုန်းခေါ်ဆိုမှုတွေကို မီးသတ်တပ်ဖွဲ့က လက်ခံရရှိ ထားတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။