close

ထိုင်းတွင် ရေကြီးမှုကြုံရသည့် ဒေသခံများက အခြားဒေသများသို့ ရေလမ်းကြောင်းလွှဲပေးရန် မေတ္တာရပ်ခံ

ထိုင်းနိုင်ငံအလယ်ပိုင်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ ရေကြီးရေလျှံမှုတွေကို အဆက်မပြတ် ကြုံတွေ့နေရပြီးနောက် တခြားခရိုင်ဒေသတွေဆီကို ရေလမ်းကြောင်းလွှဲပေးဖို့ အောက်တိုဘာ ၁၃ ရက်က မေတ္တာရပ်ခံခဲ့ကြပါတယ်။

အယုဒ္ဓယခရိုင် Bang Ban နယ်မြေမှာနေထိုင်တဲ့ မက်ကရယ်ရောင်းသူ လတ်ဒါဝမ် ဂျစ်ထုခ်က “ရေကြီးမှုဒဏ်ကို ကြုံနေရတာ တလကျော်လောက် ရှိနေပြီဖြစ်ပြီး သူနဲ့ သူ့မိသားစုဟာ နှစ်ပေါင်းများစွာ ထိခိုက်ခံစားနေရတာ” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒီဒေသဟာ နှစ်တိုင်း ရေကြီးလေ့ရှိပြီး ရေမကြီးတဲ့အချိန်ဆိုတာ သိပ်မရှိကြောင်း၊ ၂၀၁၁ ခုနှစ်က ရေကြီးတာ အဆိုးဆုံးဖြစ်ပြီး အခုလည်း ၂၀၁၁ ခုနှစ်ကလောက် ဆိုးရွားကြောင်း သူကပြောပါတယ်။

ဒီဝန်ထုပ်ဝန်ပိုးကြီးကို ခြောက်သွေ့ဒေသကသူတွေ ကိုယ်ချင်းစာပေးပြီးတော့ ရေမြန်မြန်ကျအောင် ရေတံခါးတွေဖွင့်ပေးဖို့နဲ့ တခြားဒေသတွေဆီကိုလည်း ရေပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်လို့ လတ်ဒါဝမ်က ပြောပါတယ်။

ဒီဒေသမှာနေထိုင်သူ ၃၅၀ လောက်ရှိတဲ့ အိမ်ထောင်စု ၁၃၅ စုက ရေဘေးသင့်ပြီး ပိတ်မိနေကြောင်းနဲ့ အနီးဆုံး အဝေးပြေးလမ်းမဆီကိုရောက်ဖို့ စက်လှေနဲ့ သွားရတဲ့ခရီးက သုံးကီလိုမီတာကနေ လေးကီလိုမီတာလောက် ကြာမြင့်ကြောင်း ရွာသူကြီး နတ်ထာဝတ် မွန်ဒိုင်းက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသက ခရိုင် ၂၇ ခုမှာ ပြီးခဲ့တဲ့လက တိုင်ဖွန်း နိုရူ ဝင်ရောက်တိုက်ခတ်ပြီးနောက်မှာ တရိပ်ရိပ် ရေကြီးရေလျှံမှုတွေ ကြုံခဲ့ရပြီး အိမ်ခြေ ၂၂၄,၆၈၇ လုံး ထိခိုက်ခဲ့ကြောင်း သိရပါတယ်။

ဒီနှစ် ရေကြီးမှုအတွက် အစိုးရက ထောက်ပံ့ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့ ဘတ်ငွေ ၂၃ ဘီလီယံ (ဒေါ်လာ ၆၀၇ သန်း) ပြင်ဆင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up