လီဗာပူးနည်းပြကလော့ပ်ကို အရေးယူရန် FA ဆုံးဖြတ်

မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြခံရတာနဲ့ပတ်သက်ပြီး လီဗာပူးနည်းပြ ကလော့ပ်က တောင်းပန်စကားဆိုခဲ့ပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မန်စီးတီးနဲ့ပွဲစဉ်မှာ ဆာလာကို ဘာနာဒိုဆေးလ်ဗားက ဆွဲလှဲခဲ့တာကို ပြစ်ဒဏ်ဘောမပေးခဲ့လို့ လီဗာပူးနည်းပြ ကလော့ပ်ဟာ ကွင်းလယ်ဒိုင်တေလာကို ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့တာပါ။
အဲဒီနောက် ဒိုင်လူကြီးတေလာက ကလော့ပ်ကို တိုက်ရိုက်အနီကတ်ပြသပြီး ကွင်းထဲကနေ နှင်ထုတ်ခဲ့တာပါ။
တဒင်္ဂစိတ်ခံစားမှုအတွက် မသင့်တော်တဲ့အပြုအမူ မလုပ်ခဲ့သင့်ကြောင်း၊ အနီကတ်ပြစ်ဒဏ်ဟာ မိမိနဲ့ ထိုက်တန်ကြောင်း ပွဲအပြီးမှာ ယာဂန်ကလော့ပ်က ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့လည်း FA ဘက်ကတော့ စည်းမျဉ်းချိုးဖောက်ခဲ့မှုအတွက် နည်းပြကလော့ပ်ကို စွဲချက်တင်လိုက်ပြီး သောကြာနေ့ နောက်ဆုံးထားကာ ကလော့ပ်ဘက်က ဖြေရှင်းချက်ပေးရမှာပါ။
ကလော့ပ်ဟာ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ် ကျခံရဦးမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။