မန်စီးတီးကို လီဗာပူးက ၁-၀ ဖြင့်အနိုင်ရသည့်ပွဲတွင် ဂွာဒီယိုလာကို လီဗာပူးပရိသတ်က အကြွေစေ့ဖြင့် ပစ်ပေါက်

လီဗာပူးပရိသတ်တွေက အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့ကြောင်း မန်စီးတီးနည်းပြဂွာဒီယိုလာကပြော ပါတယ်။
မနေ့ညက အမ်ဖီးလ်ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်မှာ အိမ်ရှင်လီဗာပူးက ဆာလာရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အဲဒီပွဲချိန်အတွင်းမှာ လီဗာပူးပရိသတ်တွေက နည်းပြဂွာဒီယိုလာကို အကြွေစေ့တွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။
နည်းပြဂွာဒီယိုလာကတော့ အကြွေစေ့တွေနဲ့ ပစ်ပေါက်တာ ခံရပေမဲ့ ထိမှန်ခြင်းမရှိခဲ့ကြောင်း၊ နောက်တစ်ကြိမ်ပစ်ပေါက်ချိန်မှာ ပိုကောင်းတဲ့ပစ်ပေါက်မှုတွေဖြစ်လာနိုင်ကြောင်း အရွှန်းဖောက်ပြီးပြောပြခဲ့ပါတယ်။
နည်းပြယာဂန်ကလော့ပ်ကတော့ အကြွေစေ့နဲ့ ပစ်ပေါက်ခဲ့တဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အဲဒီအတွက် ဝမ်းနည်းမိသလို နည်းပြဂွာဒီယိုလာကို တောင်းပန်ကြောင်းလည်း ပွဲအပြီးမှာပြောပါတယ်။
လီဗာပူးအသင်းကလည်း မန်စီးတီးနဲ့ပွဲမှာ ပရိသတ်တွေတချို့သောင်းကျန်းခဲ့ကြတာကို စိတ်ပျက်မိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး မန်စီးတီး အပါအဝင်သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အရေးယူဖို့လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်သွားခဲ့ပါတယ်။