လီဗာပူးဟာ ချန်ပီယံစိန်ခေါ်နိုင်သူအဖြစ်ဆက်ရှိနေဆဲဟု ဂွါဒီယိုလာသုံးသပ်

လီဗာပူးအသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း မန်စီးတီး နည်းပြဂွါဒီယိုလာက ပြောပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၈ ပွဲအပြီးမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ခဲ့လို့ မန်စီးတီးအသင်းနဲ့ ၁၃ မှတ်ကွာဟနေပြီး အမှတ်ပေးဇယား အဆင့် ၁၁ မှာရပ် တည်နေပါတယ်။
စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အမှတ်ကွာဟချက်ကြီးမားနေပေမဲ့လည်း ပွဲစဉ် ၁၀ အထိပဲရှိသေးတာကြောင့် လီဗာပူးကို ချန်ပီယံလုစာရင်းကနေ ထုတ်ပယ်လို့ မရနိုင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
“ဒီအချိန်က ၁၀ ပွဲပဲ ကစားရဖို့ကျန်မယ်ဆိုရင်တော့ လီဗာပူးက ထိပ်ဆုံးအသင်းတွေကို မမီနိုင်တော့ဘူးလို့ ပြောလို့ရမယ်။ ဒါပေမဲ့ ပွဲစဉ် ၁၀ ပွဲပဲရောက်သေးသလို၊ ကမ္ဘာ့ဖလားပြိုင်ပွဲလည်းရှိသေးတယ်။ အမှတ်ပေးဇယားက ပွဲတစ်ပွဲတည်းနဲ့ပြီးတာမဟုတ်ပါဘူး” လို့ ဂွါဒီယိုလာကပြောပါတယ်။
မန်စီးတီးဟာ လီဗာပူးကို အနိုင်ယူနိုင်မယ်ဆိုရင် အမှတ်ကွာချက်က ၁၆ မှတ် အထိရှိသွားမှာဖြစ်ပါတယ်။