အာဆင်နယ်အသင်း ပီအက်စ်ဗွီကိုအနိုင်ရပြီး ယူရိုပါလိဂ်ရှုံးထွက်အဆင့် တက်ရောက်

မနေ့ညက ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဟော်လန်ကလပ် ပီအက်စ်ဗွီကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
အာဆင်နယ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ကွင်းလယ်လချာကာက အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာပါ။
ဒီပွဲအနိုင်ရလဒ်ကြောင့် ဒုတိယနေရာက ပီအက်စ်ဗွီအသင်းကို အာဆင်နယ်က ၅ မှတ်ဖြတ်ထားပြီး လက်ကျန် ၂ ပွဲအလိုမှာ နောက်တဆင့် ရှုံးထွက် အဆင့်တက်ဖို့ သေချာသွားခဲ့တာပါ။
လာမယ့်တစ်ပတ်မှာ ပီအက်စ်ဗွီအသင်းအိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
အာဆင်နယ်နဲ့အတူ ဖရိုင်းဘက်၊ ဆိုစီဒက်၊ ဖီနာဘာချီနဲ့ ရင်းနက်စ်အသင်းတို့ဟာလည်း ပွဲစဉ် ၄ အပြီးမှာပဲ နောက်တစ်ဆင့်တက်ရောက်ဖို့သေချာသွားခဲ့ပါတယ်။