ရော်နယ်ဒိုနှင့် သီးသန့်ဆွေးနွေးပြီးမှ အသင်းမှာ ပူးပေါင်းခွင့်ပေးမည်ဟု နည်းပြ တန်ဟတ်ဂ်ပြော

ရော်နယ်ဒိုနဲ့ သီးသန့်ဆွေးနွေးပြီးမှ အသင်းနဲ့ ပူးပေါင်းခွင့်ပေးမယ်လို့ နည်းပြတန်ဟတ်ဂ်ကပြော ပါတယ်။
ရော်နယ်ဒိုဟာ စပါးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ပွဲပြီးခါနီးမှာ လူစားဝင်ကစားဖို့စီစဉ်ခဲ့ပေမယ့် လိုက်နာခဲ့ခြင်းမရှိဘဲ ကွင်းထဲကနေ ပွဲမပြီးခင် ထွက် ခွာသွားခဲ့တာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုကို ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ထပ်မလုပ်ဖို့အတွက် သီးသန့်ဆွေးနွေးမှုလုပ်ဆောင်သွားရမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
ဘယ်လို ဆွေးနွေးမှုတွေလုပ်ဆောင်ရမယ်ဆိုတာ သတင်းစာရှင်းလင်းပွဲမှာ ပြောပြလို့မရနိုင်ဘဲ ကလပ်အသင်းနဲ့ ရော်နယ်ဒိုတို့သာ သီးသန့်ဆွေးနွေးလို့ရမှာ ဖြစ်ကြောင်းလည်း အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။