close

မုံရွာ အမှတ် ၂ ရဲစခန်း ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့၊ အမှတ် ၂ ရဲစခန်း အောက်တိုဘာ ၂၁ ရက် ည ၉ နာရီက ပစ်ခတ်ခံရတာကြောင့် ရဲတယောက် သေဆုံးသွားတယ်လို့ ရဲစခန်းနားနေ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းအနီးက ဒေသခံတဦးက “ပစ်ခတ်သံကြားလို့ နာရီကြည့်လိုက်တော့ ည ၉ နာရီရှိနေပြီ။ ရဲစခန်းထဲကို ပစ်တာ။ လာပစ်တာက ကားနဲ့လား၊ ဆိုင်ကယ်နဲ့လားဆိုတာတော့ သေချာ မမြင်လိုက်တော့ မသိလိုက်ရဘူး။ ပစ်ခတ်ခံရလို့ ရဲတွေ ပြာယ်ခတ်သွားတယ်။ ဒီနေ့မနက်လည်း စခန်းအနီးတဝိုက် အရပ်ဝတ်တွေနဲ့ စုံစမ်းနေတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲစခန်းဟာ မုံရွာစက်မှုဇုန်ရပ်ကွက်အတွင်းမှာ ရှိတယ်လို့လည်း သိရပါတယ်။

မုံရွာမြို့နယ် PDF ခေါင်းဆောင် တဦးက “စကစ စခန်းတွေကိုတော့ အဖွဲ့တိုင်းက သွားပစ် နေကြတာတော့ နေတိုင်းပဲ။ မနေ့ညကလည်း အမှတ် ၂ ရဲစခန်းက ကင်းစောင့်နေတဲ့ရဲတွေကို သွားပစ်တယ်။ ရဲ တယောက် သေတယ်လို့တော့ ကနဦးသိထားရတယ်။ မဟာမိတ်အဖွဲ့ဘက်က တော့ အကျဆုံး၊ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခု အမှတ် ၂ ရဲစခန်းကို သွားရောက် ပစ်ခတ်ခဲ့တဲ့အဖွဲ့ကတော့ Golden Eagle Force- Monywa အဖွဲ့လို့ မုံရွာတော်လှန်ရေးခေါင်းဆောင် PDF ခေါင်းဆောင်တွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up