close

ကန်ပလက်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ် ကန်ပလက်မြို့ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးနဲ့ မြို့မရဲစခန်းနားမှာ အောက်တိုဘာ ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF (ကန်ပလက်) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီလောက်နေ မွန်းတည့် ၁၂ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ CDF (ကန်ပလက်) တာဝန်ရှိသူက ပြောပါတယ်။

"မနေ့က တမနက်လုံးနီးပါးတိုက်ပွဲဖြစ်တယ်။ ကျနော်တို့ တပ်ဖွဲ့တွေက သွားပြီးတိုက်ခဲ့တာပါ။ သူတို့ဘက်က ဗိုလ်ကြီးအဆင့်နဲ့ တခြားအဆင့်တပ်ဖွဲ့ဝင် ၁ ယောက်သေတယ်။ နောက်ပြီး ၃ ယောက် ဒဏ်ရာရသွားတယ်ပေါ့။ ကျနော်တို့ တပ်ဖွဲ့တွေဘက်မှာတော့ အထိခိုက်မရှိပါဘူး။ ကျနော်တို့က သူတို့ကို အငိုက်တိုက်ခိုက်ခဲ့တာ" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်အပြီး CDF တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်က ကန်ပလက်မြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်ရေးအခြေနေအရ ကန်ပလက်မြို့နဲ့ ကျင်ဒွေးမြို့တို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ကန်ပလက်မြို့အနီးက ကျေးရွာတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးဒဏ်နဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ခံနိုင်မယ့် ဗုံးခိုကျင်းတွေ တူးထားဖို့ CDF (ကန်ပလက်) က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up