အိန္ဒိယတွင် ဘတ်စ်ကားနှင့် ကုန်တင်ကားတိုက်မိပြီး ၁၅ ဦး သေဆုံး

အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မဒရာပရာဒက်ရှ်ပြည်နယ်၊ ရီဝါမြို့မှာ အောက်တိုဘာ ၂၁ ရက် ညပိုင်းက ခရီးသည်တင် ဘတ်စ်ကားနဲ့ ကုန်တင်ထရပ်ကားနဲ့ တိုက်မိလို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးခဲ့ပြီး လူ ၄၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ရီဝါမြို့ရဲ့ ဆန်ဂျေးဂန္ဓီ ဆေးကောလိပ်ကို ပို့ဆောင်ထားပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တီအွန်သာအရပ်ဖက်ဆေးရုံမှာ ထားရှိထားကြောင်း သိရပါတယ်။
လူ ၁၀၀ လောက် လိုက်ပါ စီးနင်းလာတဲ့ ဘတ်စ်ကားဟာ ဟိုက်ဒရာဘတ်မြို့ တောင်ပိုင်းကနေ ဂိုရတ်ပါမြို့ မြောက်ပိုင်းကို ဦးတည်မောင်းနှင်လာတာ ဖြစ်ပြီး ညသန်းခေါင်အချိန်လောက်မှာ ထရပ်ကား တွန်းလှည်းနဲ့တိုက်မိခဲ့တာပါ။ ယာဉ်တိုက်မှုမဖြစ်မှာ ကားဘရိတ် ပျက်သွားကြောင်း ခရီးသည်တစ်ဦးက ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ အဲဒီမတော်တဆမှုအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ဝန်ကြီးချုပ်ရဲ့ အမျိုးသားကယ်ဆယ်ရေးရန်ပုံငွေ ကနေ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ကရုဏာကြေး ရူပီး ၂ သိန်းနဲ့ ဒဏ်ရာရသူတွေကို ရူပီး ၅ သောင်း ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံးလမ်းတွေ၊ မကျွမ်းကျင်တဲ့ ယာဉ်မောင်းတွေ၊ မလုံလောက်တဲ့ တရားဥပဒေစိုးမိုးမှု၊ ဆိုးဆိုးရွားရွား အဝေးပြေးလမ်းတွေနဲ့ ပျက်စီးမှုကို စစ်ဆေးတဲ့ ခေတ်မီစမ်းသပ်ချက်ကို မအောင်မြင်တဲ့ ကားတွေ ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။