close

မြိုင်မြို့နယ်တွင် စစ်တပ်က ဒေသခံပြည်သူပိုင်ငွေကြေးနှင့် ပစ္စည်းများကို အဓမ္မ လုယက်ခိုးယူ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ  ပြည်သူတွေရဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို စစ်ကောင်စီစစ်ကြောင်းက လုယက်ခိုးယူပြီး FAW ကားနှစ်စီးနဲ့ အဓမ္မသယ်ဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ မြိုင်မြို့နယ် စိုတောကျေးရွာကို သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ပြည်သူတွေရဲ့နေအိမ်တွေကို မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေ၊ ငွေကြေးတွေနဲ့ ကုန်ပစ္စည်းတွေကို လုက်ယက်အဓမ္မမယူဆောင်ပြီး ညနေ ၃ နာရီလောက် ပြန်ထွက်သွားတယ်လို့ စိုတောကျေးရွာဒေသခံတယောက်က ပြောပါတယ်။

စိုတောကျေးရွာမှာ အိမ်ခြေ ၁၄၀ ကျော်လောက်ရှိပြီး စစ်ကောင်စီတပ်တွေက တအိမ်တက်ဆင်းမွှေနှောက်ပြီးသူတို့လိုချင်တဲ့ ပစ္စည်တွေကို အကုန်ယူသွားကာ  မြေရင့် ကျေးရွာကိုဆက်လက်သွားရောက်က သေနတ်တွေပစ်ဖောက်ပြီး ဝင်မွှေနေကြတယ်လို့ ဆိုပါတယ်။

ရွာသားတွေကတော့ စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာနေရာကို ထွက်ပြေးနေကြရပြီး ပန်တိုင်းတောရွာနဲ့မင်းဂံရွာက လေဖြတ်ရောဂါသည် အမျိုးသား  နှစ်ယောက်သေဆုံးခဲ့ရပါတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပန်းတိုင်းတောရွာ ဒေသခံပြည်သူ ၄ ယောက် ဖမ်းဆီးခံရကာ ၃ ယောက်ပြန်လွတ်လာပေမယ့် အသက် ၅၀ ကျော်အရွယ် ဦးမြဝေကတော့ ပြန်မလွတ်သေးဘဲ ပျောက်ဆုံးနေပါတယ်။

မြိုင်မြို့နယ်မှာစစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းလောက် ဝင်ရောက်နေတဲ့အတွက်  ဒေသခံ ပြည်သူ ၆၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေကြရပြီး  စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်ထည်၊ စောင်၊ ခြင်ထောင်၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီ လိုအပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up