ယူဂန်ဒါတွင် မျက်မမြင်ကျောင်း မီးလောင်ပြီး ကျောင်းသား ၁၁ ဦးသေဆုံး

ယူဂန်ဒါနိုင်ငံအလယ်ပိုင်းက မျက်မမြင်ကျောင်းတကျောင်းမှာ မီးလောင်မှုကြောင့် ကျောင်းသား ၁၁ ယောက်ထက်မနည်း သေဆုံးပြီး တခြား ၆ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။
မြို့တော် ကမ်ပါလာရဲ့ အရှေ့ဘက် ကီလိုမီတာ ၃၀ အကွာ မူခိုနိုမြို့မှာရှိတဲ့ ဆာလားမာ မျက်မမြင်ကျောင်းမှာ မနက် ၁ နာရီဝန်းကျင်က မီးလောင်ခဲ့ပြီး အကြောင်းရင်းကို ခုအချိန်အထိ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူဂန်ဒါနိုင်ငံမှာ ကျောင်းအဆောင်တွေကနေတဆင့် မကြာခဏ ကူးစက်တဲ့ မီးလောင်မှုတွေ အဖြစ်များပါတယ်။
မီးလောင်မှုတချို့က တမင်သက်သက် မီးရှို့မှုလို့ အာဏာပိုင်တွေကပြောပြီး အများစုကတော့ လျှပ်စစ်ဝါယာကြိုးတွေ သွယ်တန်းတပ်ဆင်ပုံ မှားယွင်းတာကြောင့်လို့ အပြစ်တင်ထားပါတယ်။