ဗင်နီဇွဲလားတွင် မိုးသည်းထန်ပြီး မြေပြို၊ အိမ် ၁၂ လုံး ပျက်စီးပြီး လူ ၁၀၀ ကျော် အိုးအိမ်မဲ့ဖြစ်

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကတ်စ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးကြီးမားမား မြေပြိုခဲ့ပြီး အနည်းဆုံး အိမ် ၁၂ လုံး ပျက်စီးခဲ့ကာ လူပေါင်း ၁၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
မြေပြိုပြီးနောက်ပိုင်းမှာ ဗင်နီဇွဲလားနိုင်ငံသားတွေဟာ အိမ်သုံးပစ္စည်းတွေနဲ့ အပျက်အစီးတွေ ကြားထဲက တခြား ကိုယ်ရေးကိုယ်တာ အသုံးအဆောင်တွေကို လာရောက်ရှာဖွေ သိမ်းဆည်းပြီးတော့ အဲဒီနေရာကို စွန့်ခွာသွားကြပါတယ်။
ဒေသခံတယောက်ကတော့ ဒီနေရာမှာ အိမ်တွေကို ဖယ်ရှားထားပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လူတွေက ပြန်ပြုပြင်မွမ်းမံပြီး ဒီမှာ ပြန်နေကြတာဖြစ်ကြောင်းနဲ့ အဲဒီအကျိုးဆက်တွေက ၁၂ နှစ်ကြာလာတဲ့ အခုချိန်မှာ ကြုံရတာဖြစ်ကြောင်း ပြောပါတယ်။
အာဏာပိုင်တွေကတော့ အပူပိုင်းလှိုင်းနံပါတ် ၄၆ ကြောင့် ဖြစ်ပေါ်လာတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောက်ထပ် အိမ်ခြေ ၆၀ လောက် ထပ်ပြီး အန္တရာယ်ရှိနေကြောင်း ပြောထားပါတယ်။