ဝန်ကြီးချုပ်အယ်လ်ဆူဒါနီအစိုးရသစ်ကို အီရတ်လွှတ်တော်အမတ်များ အတည်ပြု

အီရတ်လွှတ်တော်အမတ်တွေဟာ ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီ ဦးဆောင်မယ့် အစိုးရသစ်တရပ်ကို အောက်တိုဘာ ၂၇ ရက်က အတည်ပြုခဲ့ပြီး တစ်နှစ်ကျော်ကြာ အကျပ်အတည်းကို အဆုံးသတ်ခဲ့ပါတယ်။
ဒါပေမဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီဟာ အီရတ်နိုင်ငံရဲ့ လူ့အခွင့်အရေးဝန်ကြီးအနေနဲ့ရော အလုပ်သမားနဲ့ လူမှုရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။
ဆူဒါနီဟာ ဝန်ကြီးအဖွဲ့ကို ပါလီမန်မှာ မဲခွဲမှုအတွင်း ဝန်ကြီးဌာန ၂၁ ခုအတွက် ရွေးချယ်မှုကို အတည်ပြုခဲ့ပါတယ်။
သူဟာ အစိုးရပိုင် South Gas Co. (SGC) ရဲ့ အကြီးအကဲ ဟာရန်အဗဒူလ်ဂါနီကို ရေနံဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အီရတ်ဝန်ကြီးချုပ်ဟောင်း မူစတာဖှာအလ်ကာဒီမီကတော့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်ရေး လမ်းကြောင်းပေါ်မှာ အစိုးရသစ်ရဲ့ ကြိုးပမ်းအားထုတ်မှုတိုင်းကို ပံ့ပိုးကူညီကြဖို့ နိုင်ငံရေးအင်အားစုအားလုံးကို တိုက်တွန်းခဲ့ပါတယ်။
ရှီးယိုက်မွတ်ဆလင် ဘာသာရေးခေါင်းဆောင် မွတ်က်တာ့ဒါ အလ်ဆာ့ဒါက ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့ဖို့ ထောက်ခံမှု မရခဲ့ပဲ မတိုးသာမဆုတ်သာ အခြေအနေ ၁ နှစ် ကျော်လာပြီးနောက်မှာတော့ အောက်တိုဘာ ၂၇ ရက် ပါလီမန်အစည်းအဝေး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဆာ့ဒါဟာ သြဂုတ်လက သူ့ရဲ့လွှတ်တော်အမတ် ၇၃ ဦးကို နုတ်ထွက်စေခဲ့ပြီး နိုင်ငံရေးလောက ကနေ ထွက်ခွာတော့မယ် လို့ ပြောခဲ့ပါတယ်။
ဒါကြောင့်ပဲ နှစ်ပေါင်းများစွာအတွင်း ဘဂ္ဂဒက်မှာ အဆိုးရွားဆုံး အကြမ်းဖက်မှုကို လှုံ့ဆော်သလို ဖြစ်ခဲ့ပြီး ဆာ့ဒါရဲ့ သစ္စာခံတွေဟာ အစိုးရနန်းတော်ကို ဝင်စီးပြီး အများစု အီရန်ကျောထောက် နောက်ခံနဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ပြိုင်ဘက် ရှီးယိုက်အုပ်စုတွေကို တိုက်ခိုက်ခဲ့ပါတယ်။