ဆာကာ ဒဏ်ရာမပြင်းထန်စေရန် အာဆင်နယ်နည်းပြအာတီတာ မျှော်လင့်

တောင်ပံတိုက်စစ်မှူး ဘူကာရိုဆာကာရဲ့ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ကြောင်း အာဆင်နယ် နည်းပြ အာတီတာက ပြောပါတယ်။
ဆာကာဟာ နော်တမ်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ လိုဒီရဲ့ ဖျက်ထုတ်ပုံကြောင့် ဒူးဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာပဲ လူစားလဲခဲ့ရတာပါ။
ပွဲအပြီးမှာတော့ ဆာကာရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်သွားရမှာဖြစ်လို့ အသေးစိတ် မသိရသေးပေမယ့် ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်ပြီး ကမ္ဘာ့ဖလားကို လွဲချော်သွားမှာကိုလည်း မဖြစ်စေလိုကြောင်း နည်းပြအာတီတာက ပြောပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ အချိန်သုံးပတ်ပဲလိုတော့တာဖြစ်ပြီး အင်္ဂလန်တစ်နှစ်တာ အကောင်းဆုံးဆု ရရှိခဲ့တဲ့ ဆာကာ မပါဝင်နိုင်ဘူးဆိုရင် နည်းပြ ဆောက်ဂိတ်အတွက် အင်အားလျော့နည်းသွားဖို့ ရှိပါတယ်။
အသက် ၂၁ နှစ်ရှိ ဆာကာဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲကစားအပြီးမှာ ၄ ဂိုးသွင်းပြီး ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။