ဆာကာ ဒဏ်ရာမပြင်းထန်သဖြင့် ချဲလ်ဆီးနှင့်ကန်မည့်ပွဲတွင် ပြန်ကစားနိုင်မည်

အာဆင်နယ်နဲ့ အင်္ဂလန်အသင်းရဲ့ တောင်ပံကစားသမား ဆာကာဟာ ဒဏ်ရာ မပြင်းထန်တာကြောင့် အခုသီတင်းပတ်အကုန် ချဲလ်ဆီးနဲ့ ကစားရမယ့် ပွဲစဉ်မှာ ပြန်ကစားနိုင်မယ်လို့သိရပါတယ်။
ဆာကာဟာ နော်တမ်ဟမ်ဖောရက်စ်ကို ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲစဉ်မှာ ပွဲချိန် ၂၇ မိနစ်ကတည်းက ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာပါ။
ဆာကာဟာ ခြေကျင်းဝတ်နေရာမှာ အနည်းငယ်ထိခိုက်မိခဲ့တာဖြစ်ပြီး ကနဦးဆေးစစ်ချက်အရ တစ်ပတ်အတွင်းမှာပြန်ကစားနိုင်တယ်လို့သိရပါတယ်။
ဒီသတင်းဟာ အင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်လည်း သတင်းကောင်းဖြစ်စေခဲ့ပြီး ဆာကာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်တော့မှာ မဟုတ်တော့ပါဘူး။
အလားတူ အာဆင်နယ်နည်းပြအာတေတာအတွက်လည်း စိတ်သက်သာရာရစေခဲ့ပါတယ်။ အာဆင်နယ်ဟာ ကမ္ဘာ့ဖလားမတိုင်ခင် ဇူးရစ်၊ ချဲလ်ဆီး၊ ဘရိုက်တန်၊ ဝုဗ်အသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။